Thursday 8 December 2011
ကောင်မလေး သို့ ..............
လောကကြီးကို စပြီးမိတ်ဆက်လိုက်တာက 
ငိုခြင်းက ပေါ့ .... 
လောကဓံရဲ့ ကြမ်းတမ်းမှုတွေ 
ရင်ဆိုင်.... 
ဘဝကပေးတဲ့  သင်ခန်းစာတွေကို 
သင်ယူပြီး.... 
ခုဆို မင်းအရွယ်ရောက်ပြီ... 
ဟိုး.....အဝေးကို ပျံသန်းဖို့  
မင်းမှာ အင်အားတွေ ရှိနေပြီ.... 
ပျံသန်းရင်း အတောင်မကျိုးဖို့  
ငါ ဆုတောင်း ပေးပါတယ်..... 
မာယာများတဲ့  လူ့ လောကကြီးမှာ 
အညာမိရင်တော့  
မင်း ဘဝ ရည်မှန်းချက် ပျက်ပြီး 
သောကတွေနဲ့  ခံစားနေရမှာတော့  
သေချာပါတယ်..... 
မင်းက ပန်းကလေးတစ်ပွင့်  
ဖြစ်နေရင်လည်း... 
ဖြူစင်တဲ့  စံပယ်ပန်းကလေးတော့  
မဖြစ်ပါစေနဲ့ နော်.....
ရဲရင့် ပြီး ဆူးတွေရှိတဲ့  
နှင်းဆီပန်းတစ်ပွင့်   
ဖြစ်လိုက်ပါ........... 
အင်ဂျီနီယာ ဖောက်တဲ့ လမ်းက 
ဖြောင့် ဖြူးပေမယ့်  
ဘဝရဲ့ လမ်းတွေကတော့  
မဖြောင့် ဖြူး ပါဘူး.... 
ဒါကြောင့် .. 
မင်း တစ်ယောက် စတေးသင့် တဲ့  အရာတွေကို 
စတေးပြီး မေ့ သင့် တဲ့ အရာတွေကို 
မေ့ ထားလိုက်ပါ.... 
အဲဒါမှ မင်းဘဝ ရည်မှန်းချက် 
ပန်းတိုင် ရောက်မှာပေါ့ .............. 
                                                        ဆန္ဒမွန်ဖြင့်  
                                                                                 မဟာမင်း (ရေနံမြေ )
ကျေးလက် ဘဝ
ပေါ်လာမည့် အရေး မျှော်ကာတွေးရင်း 
 ရင်လေးမိပါ့  ငါတို့ နိုင်ငံ 
ကူညီရိုင်းပင်း ညီရင်းကို ပမာ 
မရှိလေသမျှ ရွှေနိုင်ငံလည်း 
မွဲပြာကျတဲ့  နိုင်ငံလိုပဲ 
ဖြစ်နေမှာတော့  မြင်ယောင်မိတယ်..... 
ကျေးလက်နေသူ တောင်သူတွေများ 
ပင်ပန်းလေသမျှ လောက်ဌ မှုပင် မရှိလေတော့  
သားငယ် သမီးငယ် ပညာသင်ရေး 
မလွယ်သေးတော့  ရရာအလုပ် 
ထွက်ခါလုပ်ခိုင်း........... 
မိသားစု ဝမ်းရေး ဝိုင်းဝန်းကူညီ 
ပညာဟူတည် မတတ်လေတော့  
ပင်ပန်းကြီးစွာ လုပ်ကိုင်နေရ 
ငါတို့  ကျေးလက် ဘဝ... 
အသိမြင်ရယ် မကျယ်ပြန့် တော့  
ဒီလိုနဲ့ ပဲ တောင်ယာထဲတွင် 
ဘဝကို စတေး  နေရလေတော့  
ငါတို့  ဘဝ ရင်နာမိတယ်... 
                                                      ဆန္ဒမွန်ဖြင့် 
                                                                            မဟာမင်း (ရေနံမြေ )
မျှော်လင့် ချက်နှင့် အတွေး ဟို.........................အဝေး.....
မိုးလင်းကနေ မိုးချုပ်
တစ်နေကုန်အောင် တကုတ်ကုတ်လုပ်
နဖူးကချွေး ခြေမထိကျ...
ငွေတွေစုဆောင်း ကျောင်းတွေထားဖို့ 
ကြိုးစားနေတဲ့  သားတို့ မေမေ..
ပညာတတ်ကြီး ငါ့ သားကြီးဟု
အချိန်ရှိတိုင်း အားရပါးရ
ပြောနေရင်းပဲ ပီတိဖြစ်နေ မွေးမေမေ...
သား ပညာတတ် အလုပ်မရှိ
မိရိုးဖလာ တောင်သူလုပ်ကာ
တစ်ဖြန်ပြုစု မိနှင့် ဖ ကို
တောင်ယာလယ်လုပ် စီပွါးမဖြစ်
ထိုတို့ တွေးကာ ရေမြေရပ်ခြား
ထွက်ခါသွား၍ စီးပွါးရယ်ရှာ
ကံခေလေတော့ အလုပ်မကောင်း
တစ်လုပ်ပြောင်း၍ လုပ်မိခါမှ
အို ဘဝဟု အမည်ရကာ
ကျီးလန့် စာစား နေ့ ညမနား
လုပ်မိတာမှ အဆင်ပြေယုံ...
ဒီလိုနဲ့ ပဲ လတွေနှစ်တွေ
အလီလီပြောင်း ငါ၏ ဘဝ
သုညကနေ မတက်လေတော့ 
တွေးရင်းနဲ့ ကွယ်
ငါ အားမရ ငါ့ ဘဝကို....
                                                     ဆန္ဒမွန်ဖြင့် 
                                                                         မဟာမင်း(ရေနံမြေ)
Friday 18 November 2011
နေအဝင် မိုးအချုပ်
အလင်းရောင်တွေ ကွယ်ပျောက်လို့ 
ည ဆိုတာကိုရောက်ပြီပေါ့ .....
တောဇီးကွက်တွေ အိပ်ယာထလို့ 
ညဌက် မုဆိုးတွေ အစာရှာထွက်ကြပြီလေ....
မှောင်မိုက်တဲ့  အခန်းကျဉ်းလေးထဲဝယ်..
ဖိုက်ဝပ့် မီးသီးလေးရဲ့  အလင်းရောင်အောက်မှာ
ညတစ်ညရဲ့ အကျီးတန်မှုတွေကို
အထီးကျန်ရင်း ငါဘယ်လိုဖြတ်သန်းရမလည်း...
ဒီလို ညတွေကို ငါအံတုကာ
ဘောပင်ထုတ်ပြီး ကဗျာလေးတွေရေးမိတယ်
ညက အကျီးတန်ပေမယ် ငါ့ ကဗျာလေးတွေကတော့ ...
ကာရံညီကာ ဝန့် ကြွားတင့်တယ်နေတယ်...
ငါ့ အတွက်တော့ ဘောပင်တစ်ချောင်းနဲ့ 
စာအုပ်တစ်အုပ်က အကောင်းဆုံး အဖော်မွန်ပေါ့ ....
                                                                            ဆန္ဒမွန်ဖြင့် 
                                                                                                  မဟာမင်း(ရေနံမြေ )
Thursday 10 November 2011
ငါ့  ရဲ့ သခင်
သင်သာလျှင် ဘဝ
သင်သာလျှင် အချစ် 
သင်ပြုသမျှကို ငါခံ 
အချစ်ဒဏ်တွေက 
ငါ့ အတွက်တော့  အင်အား 
သင်  မကြင်နာရင် ငါ့ ရင်ကွဲ   
သင်ကိုမေ့ ဖို့ ကြတော့  
ငါ့  နှလုံးသားက လက်မခံ 
သြော်.......တကယ်တမ်းကြတော့  
                                                                                မဟာမင်း(ရေနံမြေ)
Wednesday 9 November 2011
အချစ်အတွက် အချိန်နဲ့  အသက်ပေးသွားသူ တစ်ယောက်အကြောင်း (ဖြစ်ရပ်မှန် )အပိုင်း (၁ )
မြန်မာနိုင်ငံ ပဲခူးမြို့ ....အချိန်က ည၈နာရီ ဆိုင်ကယ်တစ်စီး နှင့် လူနှစ်ယောက် ပဲခူး ရွှေမော်တော ဘုရားဘက်ကို ဦးတည်ပြီးမောင်းနေတယ်....ရှေ့ က ယောက်ျားလေး နောက်က အမျိုးသမီး တစ်ယောက်  ဘုရားကိုရောက်တော့ ဆိုင်ကယ်ကိုရပ်ပြီး တောင်ဘက်မုဒ် လေးကားထစ်တွေအတိုင်း လက်ချင်းတွဲပြီး တက်နေတယ်...တစ်ဝက်လောက်ရောက်တော့ ရပ်လိုက်ပြီး နှစ်ယောက်အတူထိုင်လို က်ကြတယ်....သူတို့ ကိုကြည့် ချင်းအားဖြင့် အရေးကြီးသောအကြောင်းအရာ တစ်ခုကို အေးဆေးစွာ တိုင်ပင်ဖို့ ဆိုတာ သိတာနေတယ်....ယောက်ျားလေးက ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် အသက်က (၂၀ )ဝန်းကျင်လောက် အမျိုး သမီးကတော့  အသား မညို မဖြူ အသက်က (၃၅)ဝန်းကျင်လောက်ဖြစ်မယ်...ထူးခြားမှုကတော့  သူ့ ရဲ့ မျက်လုံးတွေနဲ့ မျက်ခုံးတွေပဲ ပုရိသ ယောင်္ကျားတွေကို ဆွဲဆောင်နိုင်မယ့် သူပဲ....အမျိုးသမီးက စပြီးစကားပြောတယ်...မောင် ဒီလိုနေလို့  မ နဲ့  မောင် ရေရှည်မှာ အဆင်မပြေဘူးနော်...အဲဒါကြောင့်  မောင် အလုပ်တစ်ခုကို လုပ်ကိုလုပ်ရမယ်....ဟာဗျာ  မ ကလည်း ခုလဲ မောင် အလုပ်ရှိနေတာပဲလေ...ဆိုင်ကယ်ပြင်တာ
အဆင်ပြေနေတာပဲ...မ ဘာဖြစ်နေတာလည်းဗျာ....အဲဒါ ခက်တာပေါ့ မောင်ရယ် အဲဒီ ဝင်ငွေလေးနဲ့ ဘာမှလုပ်လို့ မရဘူး....မ ဓါတ်ပုံရိုက်တဲ့  ဝင်ငွေလောက်တောင်မကောင်းပါဘူး မောင်ရယ်....မောင် မ ကို ချစ်ရင် မ ပြောတာကိုနားထောင်ရမယ် ဟုတ်ပြီလား....ကဲ ပြောပါအုံး ....အခု မလေးရှား မှာ အလုပ်တွေ ကောင်းနေပြီ အဲဒါ မောင် မလေးကို သွားပြီး အလုပ် လုပ်ရမယ် ဘယ်လို သဘောရလည်း.....အဲဒါတော့ မဖြစ်နိုင်ပါဘူးဗျာ....မောင် မ ကိုမခွဲနိုင်ဘူးလေ.... မ ပြောတာကို ပြီးအောင်ထားပါ....မောင် မလေးကို အလုပ်သွားလုပ်ရမှာက အများဆုံးကြာ ၃နှစ်ပေါ့ ....မောင် မြန်မာပြည်မှာ ခုလို ဆိုင်ကယ်ပြင်နေတာက မှ မ နဲ့ ခွဲရမှာနော်....ဖေဖေ မေမေတို့ ကလည်း လုံးဝ မောင်နဲ့  သဘောတူမှာ မဟုတ်ဘူးနော်....အဲဒါ မောင် သေသေချာချာ စဉ်းစားပါ....မ ဘက်ကတော့  အာလုံးပြင်ဆင် ထားပြီးပြီ မောင် သွားဖို့  အတွက်....ငွေထုတ်ချေးမယ့်  သူကလည်းရှိနေပြီ....မောင် ဆုံးဖြစ်ချက် တစ်ခုပဲ လိုအပ်တယ်.... မောင်..............ဗျာ... အဲဒီလိုကြီး ခေါင်းကြီး အောက်ဆိုက်မနေနဲ့ ....မ မျက်နှာကိုကြည့် ပါအုံး....မ..ဘယ်လောက်ထိ မောင် နဲ့  မ ဘဝကို ဘယ်လိုမျှော်လင့် ထားတယ်ဆိုတာကို မောင် မသိဘူးနော်.....မောင်နဲ့  ဒီဘဝမှာ မပေါင်းရရင် မ သေလိမ့် မယ်သိလာ.း....မျက်ဝန်းထဲက မျက်ရည်ဝဲကာပြောနေတော့  မ ကို ရင်ခွင်ထဲတွင်းကာ မငိုပါနဲ့  မရယ်.....မောင် မလေးရှား ကိုသွားပြီး အလုပ် လုပ်ပါမယ်လို့ ကတိပေးပါတယ်ဗျာ....အဲဒါတွေကြောင့်  မောင့် ကို အရမ်းချစ်နေရတာ ပြောပြောဆိုဆိုပဲ မောင့် ရဲ့ ပါးတစ်ဖက်ကို နုးညံ့သော အနမ်းလေးတွေ ခြွေလိုက်တော့ တယ်.....အရမ်းချစ်တယ်မောင်ရယ်....ခဏလေး ခွဲံခွါနေရမှာပါကွါ....ဒါဆို မတို့ ပြန်ကြရအောင်နော် အိမ်က မေမေတို့  သိရင် ဆူခံထိနေအုံးမယ်....နှစ်ယောက်သား လက်ချင်း တွဲပြီး ဆင်းလာ၇င်း ဆိုင်ကယ်နားရောက်တော့  အပြန်အလန် အနမ်းတွေခြွေပြီး ဆိုင်ကယ် မောင်းထွက်သွားတော့ တယ်.....နောက်ရက်တွေကြ စာအုပ်လုပ် ဘာလုပ်နဲ့  ၃လကြာတော့  မလေးရှား ကို မောင် တစ်ယောက်ထွက်သွားတော့ တယ်.....
မောင်ဟာမလေးရှားကိုရောက်တော့ အမည်ပြောင်းလိုက်ပါတယ်.သူ့ အမည်က မိုက်ကယ်ပါ..
ဟဲလို...ကိုမိုက်ကယ်လားမသိဘူးခင်ဗျာ..ဟုတ်ပါတယ် ကျနော်မိုက်ကယ်ပါ ကျနော်ကမဟာမင်းပါအကိုတို့ ဆိုင်မှာအလုပ်လုပ်ဖို့ သူငယ်ချင်းတစ်ယောက်ပြောထားလို့ ပါ သြော်...သိတယ်လေ..
အကိုဒီနေ့ လာမယ်ဆို အခုဘယ်မှာလဲကျနော် အခု(KL)ကွာလ်လမ်ပူမှာရောက်နေတယ်.သိန္ဒိဝင်ဆိုင်ကနေဆက်နေတာ အဲဒါ အကိုတို့ ဆီကိုဘယ်လိုလာခဲ့ ရမလဲ အကိုတက္ကစီ နဲ့ လာခဲလေ..တမန်ချက်ဒက်(ယူလစ်)ဆဲဗင်းလဲဗင်းဆိုင်ရှေ့လို့ ပြောရင်ရတယ် ဟုတ်ကဲ့  ကျနော် အခုလာခဲ့ မယ် အကိုတို့ ဆိုင်ဘယ်ချိန်ပိတ်လဲ..(၂.၃၀)ဆိုရင်ပိတ်ပြီ ဆိုင်မပိတ်ခင် အရောက်လာခဲ့ လေ..ဟုတ် ဒါဆိုစောင့် နေမယ်နော်..
အေး..အေး..ဘိုင်..ဘိုင်...(KL) ကနေစထွက်ပြီး မီးနစ်(၃၀)လောက်ကြတော့ သူ ပြောတော ဆဲဗင်းလဲဗင်း ဆိုတော့ ဆိုင်ရှေ့ ကိုရောက်ပါတော့ တယ်....ခဏကြာတော့ လူငယ်တစ်ယောက် ကျနော်ဆီကိုလာနေပါတယ် အနားရောက်တော့  အကိုက မဟာမင်း ဆိုတာလား ခင်ဗျာ...အော် ဟုတ်ပါတယ် ညီက မိုက်ကယ် ဆိုတာလား...ဟုတ် ကျနော် မိုက်ကယ်ပါ....တွေ့ ရတာဝမ်းသာပါတယ်ကွါ....ဒါနဲ့ ညီတို့  ဆိုင်ကဘယ်မှာလဲ....ဟိုဘက် တစ်လမ်းကျော်မှာပါ...လာသွားရအောင်လေ ဆိုင်ကို လမ်းချိုးလေးလည်းကွေ့ လိုက်တော့  ဟိုမှာမြင်နေရတာလေ အကို ကျနော်တို့ ဆိုင်...ဆိုင်က လူတော်တော်ကြတယ်နော်..ဟုတ်တယ် ခုလိုရုံးပိတ်ရက်တွေဆိုရင် လူကြတယ်....လာ အကို သူဌေး မဆီသွားရအောင်...ဟာ မင်းတို့  သူဌေးက အဘွားကြီးကိုကွ...ဟုတ်တယ် အကို ရုပ်လည်းကြည့် လေ ဆိုးလိုက်တာ....ပြောပြီး မိုက်ကယ် သူဌေးမ နားသွားကာ ထောင်ကဲ သူပဲ အလုပ် လုပ်မယ့် သူဆိုတာ....အော်...ဒီလိုနဲ့ ကျနော်လည်း မိုက်ကယ် ဆိုင်မှာ အလုပ် လုပ်ဖြစ်သွားတယ်ပေါ့ ......လာ အကို ကျနော်တို့ ကအပေါ်ထပ်မှာနေတာ အခန်းက သုံး ခန်းရှိတယ် သူငယ်ချင်းတွေနဲ့ အလုပ်ပြီးရင် မိတ်ဆက်ပေးမယ်...အကိုလည်း နားနေလိုက်အုံး ကျနော် အခန်းမှာပဲ နေပေါ့ ...ကျနော် အောက်ဆင်းပြီး အလုပ် လုပ်လိုက်အုံးမယ်.....မိုက်ကယ် ဆင်းသွားတော့  ကျနော်လည်း သီချင်းခွေဖွင့် ပြီးနားထောင်နေလိုက်တယ် ...နာရီဝက် လောက်ကြ သူတို့ အလုပ် သိမ်းပြီးအပေါ် တက်လာကြတယ်....အားလုံးပေါင်း လေး ယောက် ....အကို နဲ့ မိတ်ဆက်ပေးမယ်...သူကတော့  ကျော်ကြီး..နောက်က တစ်ယောက်က ဂျက်ဆင်....ကျန်တဲ့ တစ်ယောက်က မွန်လေး..ဟုတ် ကျနော် က မဟာမင်းပါ....အားလုံးကို ညီအကို လိုခင်ပါတယ်ဗျာ...အလုပ်နဲ့ ပတ်သက်ပြီး မသိတာရှိရင်လည်း ပြောပြပါဗျာ...အားလုံး အဆင်ပြေတယ်ပေါ့ ...ဒီလိုနဲ့ ကြာလာတော့  အရမ်းခင်လာကြတယ်...တစ်နေ့ တော့ အလုပ်ပြီးတဲ့ အချိန်မှာ မိုးကလည်းရွာ သူငယ်ချင်းတွေ အရက်သောက်ဖြစ်ကြတယ်...မူးလာတော့  မိုက်ကယ် က မြန်မာပြည်မှာကျန်ခဲ့ တဲ့ ရည်းစားကြောင်းစပြောတော့ တယ်....ကျနော် မ-(မမိုး)ကို အရမ်းချစ်တာဗျ....ဘေးနားက သူငယ်ချင်းတွေက ဝင်ထောက်ခံကြတယ် အဲဒါ တို့ တွေသိနေတာပဲလေ...လစာတွေ အားလုံးသူ့ ဆီပို့ ပေးနေတာပဲလေ...ကျန်တာတွေ ပြောလေကွါ...မဟုတ်သေးဘူးဗျ ဒီလိုရှိတယ်...ကျနော် မလေးရောက်ကတည်းက ငွေပို့ နေတာ ခုထိအကြွေးကမကြေသေဘူးဗျာ...အဲဒါ စိတ်ညစ်နေတာ ရောက်တာပဲ ၂နှစ်ပြည့် တော့ မယ်....မဟာမင်း ကဝင်ပြောတယ် မလေးလာတာ ဘာလို့ ၂နှစ်ရှိတာတောင် အကြွေးကမကြေသေးတာလည်း...မလေး လာတာ ဆယ်သိန်းကျော်ကျော် လေးကုန်တာပါကွါ...မင်းကြမှ သိန်းသုံးဆယ်လောက် ဆပ်နေရလို့ လား.....သေချာလည်း စုံစမ်းကြည့် ပါအုံးကွါ...ကျနော်လည်း အဲဒါပဲ စိတ်ညစ်နေတာ...ကျနော် မလေး လာပြီး အလုပ် လုပ်နေတာကလည်း သူ့ အတွက်ပါ...အေးပါ့  ဝေးနေတော့ ကြာလာရင် မကောင်းဘူးနော် သူငယ်ချင်း....ခု တို့ အားလုံးကလည်း အိုဗာစတေး တွေဆိုတော့ လက်ထဲမှာ ငွေတော့ အမြဲရှိနေမှနော်....တစ်ခုခုဆို မလေး မှာက ငွေရှိမှ အဆင်ပြေတယ်ဆိုတာ မင်းလည်းသိနေတာပဲ...အကုန်တော့ မပို့ နဲ့ ပေါ့  ချန်ထားလေကွါ....ဟုတ်ပါပြီ...ဘေးက ကျော်ကြီးက ကြားဝင်ပြောတယ် မင်းကလည်း မြန်မာပြည်မှာ ဘယ်လို ချစ်ခဲ့ လည်းဆိုတာပြောပြလေကွါ...ဟာ ကျော်ကြီး ကလည်း ဖြေးဖြေးပေါ့  အရက်က မကုန်သေးဘူး ပြောမှာပေါ့ ....သောက်လိုက် မြည်းလိုက်နဲ့  တစ်လုံးကုန်သွာတော့ မိုက်ကယ် စပါတော့ တယ်....ဒီလိုဗျ ကျနော် နဲ့ မမိုးက အိမ်နီးချင်းတွေ မမိုးက အိမ်ထောင်ကျဘူးတယ် တစ်ခုလတ်ပေါ့ ....အားလုံးကမိုက်ကယ်ပြောတာကြားပြီးတော့ ... မျက်လုံးပြူးသွားတယ်...ခဏနေကြအုံးနော် ကျနော်ပြောတာပြီးမှ ဝင်ပြောကြနော်....အေးပါကွ....အခုတော့ ...
အိမ်ထောင်နဲ့ ကွဲသွားပါပြီ..ဒါပေမယ့် ကလေးတစ်ယောက်တော့ ကျန်ခဲ့ တယ်...အဲ ဒီနောက်..
ကျနော်က အစ်မတစ်ယောက်လိုခင်ခဲ့ တယ်..အဆင်မပြေတာတွေကူညီရင်း ...နောက်တော့  အနေနီးရင်းနီးရင်းနဲ့ ချစ်သူတွေဖြစ်သွားကြတယ်ပေါ့ .. နောက်ကြ ငွေချေးပြီး မလေး ကို လွတ်လိုက်တယ်....ကျနော် မလေးရောက်နေတာ မိဘတွေ မသိကြဘူး...သူငယ်ချင်းတွေ ကဝိုင်းပြောကြတယ် မင်းအဲဒီလောက်ထိတော့  မမိုက်သင့် ဘူးကွါ...ဘယ်လောက် ချစ် ချစ် မိဘတွေ ကိုတော့ ပြောသင့် တာပေါ မလေး ထွက်လာတဲ့ အကြောင်း ကို.မိုက်ကယ် ဆက်ပြောတယ် ကျနော်က မမိုးကို အရမ်းချစ်တာဗျ...ကျနော်လူဖြစ်ပြီး အသက်ရှင်နေတာတွေက သူ့ အတွက်ပဲ....ထားပါတော့ ကွါ အသက်ကကော ဘယ်လောက်ကွါလည်း....ကျနော်က ခု ၂၂နှစ်...မမိုးကတော့  ၃၆နှစ်လောက်ရှိမယ်တင်တယ်...မဟာမင်း လည်းမနေနိုင်တော့ ဝင်ပြောလိုက်မိတယ်...မင်းဟာက အသက်အဲဒီ လောက်ကွါနေတာ ဖြစ်ပါ့ မလားကွါ...မင်းကို ယူပါ့ မလားကွါ...သူကတော့  ပြန်ရောက်ရင် လက်ထပ်မယ်တော့ ပြောပြီးလွတ်လိုက်တာပဲဗျာ.....
Tuesday 1 November 2011
တမ်းတခြင်း ရဲ့  စိတ်
ဟိုး............... 
အဝေးကို မျှော်ကြည့် ရင်း .......
မြို့ ပြရဲ့  တိုက်ခတ်လာတဲ့  လေပြေတွေနဲ့ အတူ 
အတိတ်မှာကျန်ခဲ့ တဲ့  အရာတွေကို သတိရမိတယ်  ......
 နာရီလက်တံတွေက တစ်ပတ်ချင်းပတ်နေသလို 
ရက်တွေကလည်း တစ်ရက်ပြီး တစ်ရက်ကုန်ခဲ့ တယ်နော် 
လတွေတစ်လပြီး တစ်လ ပြောင်းခဲ့ လို့ 
Happy new yearလို့  တောင် အော်နေကြပြန်ပြီ
အချိန်တွေကုန်ဆုံးသွားခဲ့ ပေမယ့် ....... 
ငါ့ ရင်ထဲက အလွမ်းတွေက မပြောင်းလည်းခဲ့ ပါဘူး 
လွမ်းမိတယ် မင်းတစ်ယောက်ကိုပေါ့ ...... 
နွေးထွေးတဲ့ အကြည့် လေးတွေ 
နောက်တစ်ခါ  Happy new year ဆိုရင် 
မင်းရဲ့ ရင်ခွင်ထဲမှာ  ငါရောက်နေလောက်ပေါ့ ................. 
                                                                                          မဟာမင်း(ရေနံမြေ)
Monday 31 October 2011
စမ်းရေတသွင်သွင်စီးနေတဲ့ ရွာကလေးနဲ့  အိမ်အိုကလေးက မွေးမေမေ
             အဝေးတနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးလို့  သား ရှီခိုးလိုက်ပါတယ် မေမေ...... 
အချိန်တွေကြာ အနေဝေးနေလို့  သား စိမ်းနေတယ်လို့ မေမေ ထင်နေတယ်နော်..အခြေအနေမတူညီတဲ့  တိုင်းတစ်ပါးကိုရောက်နေပေမယ့် ....သား စိတ်တွေကတော့  မေမေ မွေးထုတ်လိုက်တဲ့  စိတ်ဓါတ်နဲ့  မေမေရဲ့  အယူဆတွေ ခံယူချက်တွေကိုပေါင်းစပ်ပြီး စီးဆင်းလည်ပတ်နေတဲ့ သား ရဲ့ သွေးတွေက သက်သေပါ မေမေ...အကြောင်းအရာလေး တစ်ခုကြောင့်  မေမေ သား ကိုမယုံကြည်တော့ ဘူးနော်...အဝေးမှာနေပြီး ဘဝတွေ ချွေးတွေကို ပေးဆပ်ပြီး သား အလုပ် လုပ်နေတာတွေက မေမေ အတွက်တွေပါ...တစ်ရက်ကုန်ဖို့  အတွက် သား ဘယ်လို အခက်ခဲတွေကို ကျော်ဖြတ်နေရတယ်ဆိုတာ မေမေ သိခဲ့ မယ်ဆိုရင် သား အပေါ်အမြင်တွေ ပြောင်းလဲ သွားမယ်လို့  သား မျှော်လင့် မိပါတယ်....တကယ်တော့  သား ဘဝကညောင်သီးစားပြီး လေးသံကိုနားထောင်နေရတဲ့ ငှက်တစ်ကောင်နဲ့  ဘာမှမကွါပါဘူး....ဘဝကို မမေ့ တတ်သလို မေမေ နဲ့  ရွာကလေးကိုလဲ အမြဲ ရင်ထဲမှာရှိနေပါတယ်...အဝေးရောက်နေတဲ့  သား တစ်ယောက်..... 
                                                                                                          မဟာမင်း   (ရေနံမြေ )
မြန်မာနိုင်ငံမှတပါး အခြားမရှိ
ရပ်ဝေးမြေခြား ရေရှာနေသော ရွှေမြန်မာများ
မလေးရှားရဲ့  ရွာပြန်ဓလေ့ 
ဆင်းကတည်းကပူရတဲ့  စင်ကာပူ
ရွှေတွေမရွှေ့နိုင်တဲ့  ဘန်ကောက်
မြတ်နိုးစရာကောင်းတဲ့ မြန်မာ့ သံယောဇဉ်
အမေဘယ်လိုနေရှာပါလိမ့် 
နိုင်ငံခြားမှာ ကုသိုလ်ရှာ (စီးပွါးရှာ )
                                                     မူရင်း ကိုသက်ဆွေ..............မဟာမင်း (ရေနံမြေ )
Monday 24 October 2011
ရင်ထဲ့ က မျှော်လင့် ချက်
ဝေးနေပေမယ့်  ပြန်ဆုံချင်တယ် ကွါ 
ငါ့ ရဲ့  ရင်ခွင်ကို မင်းပြန်လည် ခိုလုံမယ်ဆိုရင် 
ဝမ်းသာစွာနဲ့  ကြိုဆိုနေမှာပါ 
အတိတ်က အကြောင်းတွေကို မေ့ ပြစ်ပြီးပေါ့ ........
 ဆုံမှတ်ဆိုတာ ရှိခဲ့ မယ်ဆိုရင်
အချိန်ကလတွေ တစ်ပတ်ပြည့် သွားရင်တော့ 
အဲဒီ ဆုံမှတ်မှာ ပြန်ဆုံကောင်းပါရဲ့ 
အဲဒါကြောင့် ဒို့ နှစ်ယောက် ဘယ်လောက်ဝေးဝေး
တစ်ချိန်ချိန်မှာ ပြန်ဆုံမှာပါ..........
ဒါပေမယ့်ကွါ
အချိန်ဆိုတာ ကောင်းသောတရားသူကြီးပေါ့ 
ဒို့ နှစ်ယောက်ဘဝကို ဘယ်လိုဆုံးဖြတ်ပေးမလဲ ...............
အချစ်ဆိုတဲ့ စကားလေးတွေက
လူနှစ်ယောက်ရဲ့  ဘဝကို ပေါင်းစပ်ဖို့ ဆိုရင်
မင်းကို ချစ်ခဲ့ တာက အဲဒါကို ရည်ညွှန်းခဲ့ တာပါ......
                                                                         ရင်ဖွင့် ချက်ဖြစ်ပါသည်..
                                                                                                              မဟာမင်း (ရေနံမြေ )                                                                                          
Saturday 22 October 2011
ဆုံမှတ်
လမှနှစ်ချီ အလီလီနဲ့ 
မြင်တွေ့ သော်ညှား တို့ ဘဝဟာ
ဆုံမှတ်ဘယ်မှာ မရှိတာမို့ 
မျဉ်းပြိုင်ပမာ တို့ ချစ်ကမ္ဘာ
ဘယ်ခါ ဆုံမည်နည်း........
လမှနှစ်ချီ အလီလီနဲ့ 
ချစ်ရက်မြူးပမာ တို့ ချစ်ကမ္ဘာ
ဘယ်ခါ ကောင်းမည်နည်း .......
အလီလီချီသွား နှစ်လများ
ကုန်သွားသည့် ခါ တို့ ချစ်ကမ္ဘာ
ဆုံနိုင်ကြမည်လား.............
ဆုံမှတ်ဆိုတာ ရှိခဲ့ ရင်တော့ 
သေချာ ဆုံဖို့ ငါ့ ယုံကြည်တယ်
မျှော်လင့် ရင်းနဲ့  ရှေ့ဆက်နေမယ်
တစ်နေ့ တော့ ရောက်မယ် ငါ့ ဆုံမှတ်များ.........................
                                                                                         မဟာမင်း (ရေနံမြေ )
Monday 17 October 2011
ချစ်သူ
ရင်ခုန်စွာ ချစ်ခဲ့ မိပေမယ့် .....
ရင်နာစွာပဲ ခွဲခွါခဲ့ ရတယ်နော်...
ချစ်သူတွေ ဆိုပေမယ့် ..........
သူစိမ်းတွေလို နေ နေရတယ်နော်
အကြင်နာတွေပေးချင်ပေမယ့် ....
ရင်နာစွာပဲ ဝေးနေရတယ်နော်....
နှစ်ယောက်အတူ နေချင်ပေမယ့် .....
တစ်ယောက်တစ်နယ်စီ ဝေးနေရပြန်တယ်.....
နေချင်တာ မင်းအနားမှာ......
နေ နေရတာက မင်းနဲ့ အဝေးမှာနော်.....
ဝေးနေရတဲ့  အချိန်တွေက ငါ့ အတွက်တော့ ............
                                                                             စိတ်ကူးရင် အတွေးတစ်ပုဒ်
                                                                                                                            မဟာမင်း (ရေနံမြေ )
Monday 10 October 2011
မျှော်လင့် ခြင်း ရဲ့  ည
တစ်နေ့ တာ အမောကို
ငါ့ စိတ်မှာဖြေဖို့ ........
ချစ်သူရဲ့  အသံက
ငါ့ အတွက်တော့ ...
နားဝင်ချိုဖွယ်မရှိ
ဒါပေမယ့် ............
သာယာမိတဲ့  ငါ့ စိတ်က
အိမ်မရတဲ့  ညတွေကို
သူရဲ့ အသံကပဲ
ငါ့ ကို  အိပ်ပျော်စေတယ်......
ဒီလိုညတွေ  မကုန်စေဖို့ .....
ညတိုင်းမှာ  ငါဆုတောင်းမိတယ်....           
                                                                        မဟာမင်း  (ရေနံမြေ)
နောင်တရဲ့  စိတ်
ဘယ်ကိုမှန်းမသိ လွမ်းမိတဲ့ 
ငါ့ စိတ်တွေ တွေးကြည့် တော့ 
မရေရာတဲ့ ငါဘဝ
အချစ်ရယ်လို့ မှ
ခင်တွယ်စရာမရှိ
ပြေးဖို့ ကွယ်မြေမရှိ
တွေးရင်းကွယ် ငိုချင်လာမိတယ်..
ထ..လို့ သာအော်လိုက်ချင်တယ်..
လာမိတာနောင်တရမိတယ်.... 
                                                            မဟာမင်း   (ရေနံမြေ)
Sunday 9 October 2011
လွမ်းရပေါ့  နွေဦးဆည်းဆာ ညနေအခါ
ညနေဆည်းဆာ နေဝင်ချိန်မှာ 
ငါ့ ငှါနီ ငါလွမ်းမိတယ်...... 
ဒါပေမယ့်  ဘယ်ဆီကို မျှော်မှန်း 
ဘယ်လမ်းကို ငါလွမ်းရမှန်းမသိတယ် 
သြော်............... 
 ခုချိန်ဆို တောပန်းလေးတွေ ဝေဆာလို့  
တောလမ်းလေးမှာ သူတစ်ယောက် 
မျှော်နေလောက်ပေါ့ ...... 
နွေဦးကာလ တပေါင်း အခါမို့  
သရဖီပွင့် တွေ လန်းဆန်းစွာ ပွင့် နေပေမယ့်  
မရွှင်ပြတဲ့  သူ့ ရင်ခွင်ကို မလန်းဆန်း နိုင်ပါဘူး 
အလွမ်းတွေကို ပိုစေအောင်  
သစ်ရွက်တွေကြွေကြနေတဲ့  
လက်ပံပင်ထက်က ဥသြငှက်ကလေး ကလည်း 
ဥသြ....ဥသြ..... အဖော်ကွဲလို့ တွန်ကြူးနေတယ် 
 ချစ်သူနှစ်ယောက်ဆုံနေကြ 
ရွာဘေးကစမ်းချောင်းလေးကလည်း 
ရေတွေခမ်းလို့ မ အေးချမ်းနိုင်တော့ ဘူးပေါ့ ... 
သြော်..............လွမ်းရပြီပေါ့  ဆည်းဆာရယ်............................ 
                                                                                                မင်းကဗျာ ရွှေရိပ်တင်  (ရေနံမြေ )
သတိရမိတဲ့  ရွာကလေးရဲ့  ဝေလီဝေလင်း
ဝေလီဝေလင်း အာရုဏ်ဦးကွယ်
ရွာဦးကျောင်းမှ အုံးမောင်းခေါက်သံ
သာယာပျော်ဖွယ်ကြားရလေတော့ 
ရွာကလေးဝယ် အသက်ဝင်ကာ လှူပ်ရှားလို့ ရယ်
လုပ်ငန်းဝင်ဖို့ ပြင်ဆင်နေတဲ့ တောင်သူကြီးလဲ
နွားနှစ်ကောင်ကိုလှည်းမှာတတ်ကာ
ယာတောတို့ သွားပါတော့ တယ်...
ဆွမ်းချက်နေတဲ့  တောင်သူမကြီးရယ်
အဘွားအိုရဲ့  အမျှဝေသံတွေက
သာယာလှတဲ့ နံနက်ခင်းလေးကို
ပို၍ ကျက်သရေ ရှိစေပါတယ်...
လင်းကြက်တို့  တွန်သံတွေကလဲ
နံနက်ခင်းလေးကို အသက်ဝင်စေပါတယ်
လွမ်းမိတယ်ရွာကလေးရယ်.........
အခွင့် အခါပေးရင်ဖြစ်
အပြီးရယ်ပြန်လာချင်ပါသည်....
                                                         ခံစားချက်ကို ရေသားထားသော စာသားများဖြစ်ပါသည်.....
                                                                                                                         မဟာမင်း ( ရေနံမြေ )