ပေါ်လာမည့် အရေး မျှော်ကာတွေးရင်း
ရင်လေးမိပါ့  ငါတို့ နိုင်ငံ
ကူညီရိုင်းပင်း ညီရင်းကို ပမာ
မရှိလေသမျှ ရွှေနိုင်ငံလည်း
မွဲပြာကျတဲ့  နိုင်ငံလိုပဲ
ဖြစ်နေမှာတော့  မြင်ယောင်မိတယ်.....
ကျေးလက်နေသူ တောင်သူတွေများ
ပင်ပန်းလေသမျှ လောက်ဌ မှုပင် မရှိလေတော့ 
သားငယ် သမီးငယ် ပညာသင်ရေး
မလွယ်သေးတော့  ရရာအလုပ်
ထွက်ခါလုပ်ခိုင်း...........
မိသားစု ဝမ်းရေး ဝိုင်းဝန်းကူညီ
ပညာဟူတည် မတတ်လေတော့ 
ပင်ပန်းကြီးစွာ လုပ်ကိုင်နေရ
ငါတို့  ကျေးလက် ဘဝ...
အသိမြင်ရယ် မကျယ်ပြန့် တော့ 
ဒီလိုနဲ့ ပဲ တောင်ယာထဲတွင်
ဘဝကို စတေး နေရလေတော့ 
ငါတို့  ဘဝ ရင်နာမိတယ်...
ဆန္ဒမွန်ဖြင့်
မဟာမင်း (ရေနံမြေ )
No comments:
Post a Comment