Showing posts with label ခံစားချက်. Show all posts
Showing posts with label ခံစားချက်. Show all posts

Friday, 6 January 2012

မလေးရှားအကြောင်း တစေ့ တစောင်း

ဝေဒနာ ရင်မှာဖြစ်ပြီမို့ 
ပြောစရာတွေ စာရေးပါရစေ
မလွမ်းဘဲ နေပြန်ရင်လည်း
ရင်ထဲက ဟာတာတာ....
အလှမ်းအနေဝေးလို့ 
အလွမ်းပြေဆွေးပြန်ရင်လည်း
ဟို အဝေးမှာ ကျန်ခဲ့ ပြီ
ထိုင်နေရင်လည်း လွမ်းတယ်
အဝေးရပ်မှာ ကြေကွဲ....
TAMAN CHERASထဲ မှာ လမ်းလျှောက်
လွမ်းတလောက်လည်း မဖြေသာ
လွန်ခဲ့ တဲ့  နှစ်ကမှ
KALANG ဆိုတဲ့ မြို့ လေးကို စွန့် ခွါ
ပစ္စုပ္ပန် သမိုင်းတွေကို ဆုတ်ဖြဲ.....
အိုဗာစတေး တောနက်ထဲကို တိုးဝင်
ယုံကြည်ချက်တွေ တနင့် တပိုးနဲ့ 
အော်ဗစတေး လမ်းပေါ်မှာ
ဦးတည်ရာ လျှောက်၇င်း
အရှေ့  အနောက် တောင် မြောက်
လမ်းပျော်ခါ ပျောက်နဲ့ ......
မလေးရှား ရဲဆိုတာက
အကြွေဇယား ဆွဲလို့ မရသလို
အော်ပရာဆီ ဆိုတာကလဲ
ဒီလိုပါဘဲ...
ရဲဆိုတာ တွေ့ ခဲရင်တောင်မှ
အဘန်း ဘာညာ မီနိုးတေး ဆိုပြီး
ငါးဆယ် တစ်ရာကိုလည်း
မတွယ်တာပဲ ပေးလိုက်ရတယ်......
နှစ်ကူးရောက်ရင် မြန်မာပြည်မှာ
ပိတောက် မလေးရှားမှာ ဘလောက်
စစ်လို့ ငြိရင် ခြောက်လ
ဟိုတလောက ရွှေမ တစ်ယောက်
ဗွေဖောက်ပြီး အမြီးမောက်မတည့် 
ဘဂုံး တစ်ယောက်နဲ့ လိုက်သွား
ပိုက်ကြားမိတဲ့  ငါးလို
ဗိုက်ကားမှ သိရဲ့ လားလို့  မေးလိုက်ချင်တယ်...
အဲဒါ ဘယ်လိုလုပ်မလည်းတဲ့ 
ဘယ်လိုမှ မလဲဘူး အဲဒီလိုဘဲ......
ခုဆိုရင် ပါစာမာလန်း မှာ
ရွှေမ တွေ အချိုးမပြေပုံက
သနပ်ခါး ပါးကွက်ကြားနဲ့ 
ကြိုးတစ်လုံးနဲ့  စကပ်တို
မလေးလိုက ဟိုပြောဒီပြော.....
ကုလားကို တ.အားကပ်
တရုပ်. ကို အဟုတ်ထင်
နီပေါကို ချောတယ်ပြောပြီး
ဘဂုံး ကို အချဉ်ထင်ပြီး
ဘဝ တစ်ခုလုံး ပုံအပ်နေတဲ့ 
ခပ်ပေါပေါ ရွှေမတွေကလည်း
ပေါမှပေါ ပါဘိ...........
လူနေမှုတွေ မတူလေတော့ 
အချိုးပြောင်းတဲ့ ရွှေမတွေ
အလုပ်ပြီး လိုအိမ်အပြန် နီပေါ စက်ဘီး
နောက် လိုက်ပါကာ ပါးကွက်ကြားနဲ့ .....
ဟိုတစ်နေ့ က facebook မှာ
တွေ့ လိုက်ရတော့  သိပ်ပြီးလဲ မသနားမိပါ
လုပ်ပုံတွေ မသိကြတော့  သနားတဲ့ လူတွေ
ပြောချင်ပါဘိ....
အလုပ်တွေ မွန်းကြပ်ရင်း
ကဗျာတွေ ရေးမှတ်ရင်း ဘာလိုလိုနဲ့ 
ငါတောင် မလေးရှား ရောက်တာ
ကြာခဲ့ ပြီလေ......
အလုပ် အားရက် ပျင်းလို့  မြို့ ထဲသွား
မှားလိုက်တဲ့ အမှားက ရောက်မှသိရ
ကိုရွှေ ပွဲစားများ အလုပ်ကြောင်းပြောပြလို့ 
နားထောင်လိုက်ရတာက တစ်မျိုး.....
ဆာတု မလေးရှား
ဘာတစ်ခုမှ အလကား မရ
ဆွတ်ချာ တစ်ခွက် အပြားငါးဆယ်
နှမြောလို ရေတိုင်သွား
အကြွေ အပြား နှစ်ဆယ် နဲ့ ညား.....
 ရွှေနိုင်ငံ  သတိရ လို့ 
စိတ်ညစ်ညစ်နဲ့  မြန်မာ ဝီစကီ သောက်
မကုန်လို့  တစ်ဝက်ချန်
နောက်နေ့ ရောက်တော့  အနယ်ထိုင်
အားလုံးက အင် တွေမလို့ 
တရားလဲ ကျမိပါတယ်...
ငွေဈေး ကျလို့  အခက်ကြုံ
ခြွေတာက ကိုရီးယား ခေါက်ဆွဲထုပ်
စားမိခါမှ ကံကောင်းလို့ မသေ
ဓါတု ဆေးတွေ တွေ့ နေလို့ 
နှမြောစွာနဲ့  ဖွမ်းရတယ်...
အဆင်မပြေလို့  ရည်းစားလေး
ထားမယ်ကြံမိကာမှ
မရွှေချောက လစာဘယ်လောက်ရလည်းတဲ့ 
စိတ်ပေါက်ပေါက်နဲ့  ထဟောက်မိကာမှ
ရည်းစားမရ လူပျို ဘဝနဲ့ 
မလေးရှားမှာ နောက်နှစ် ကြိုရပြန်ပြီပေါ့ ......

                                                        ဆန္ဒမွန်ဖြင့် 
                                                                        မဟာမင်း (ရေနံမြေ )

Thursday, 8 December 2011

ကောင်မလေး သို့ ..............

လောကကြီးကို စပြီးမိတ်ဆက်လိုက်တာက 
ငိုခြင်းက ပေါ့ .... 
လောကဓံရဲ့ ကြမ်းတမ်းမှုတွေ 
ရင်ဆိုင်.... 
ဘဝကပေးတဲ့  သင်ခန်းစာတွေကို 
သင်ယူပြီး.... 
ခုဆို မင်းအရွယ်ရောက်ပြီ... 

ဟိုး.....အဝေးကို ပျံသန်းဖို့  
မင်းမှာ အင်အားတွေ ရှိနေပြီ.... 
ပျံသန်းရင်း အတောင်မကျိုးဖို့  
ငါ ဆုတောင်း ပေးပါတယ်..... 

မာယာများတဲ့  လူ့ လောကကြီးမှာ 
အညာမိရင်တော့  
မင်း ဘဝ ရည်မှန်းချက် ပျက်ပြီး 
သောကတွေနဲ့  ခံစားနေရမှာတော့  
သေချာပါတယ်..... 

မင်းက ပန်းကလေးတစ်ပွင့်  
ဖြစ်နေရင်လည်း... 
ဖြူစင်တဲ့  စံပယ်ပန်းကလေးတော့  
မဖြစ်ပါစေနဲ့ နော်.....
ရဲရင့် ပြီး ဆူးတွေရှိတဲ့  
နှင်းဆီပန်းတစ်ပွင့်   
ဖြစ်လိုက်ပါ........... 

အင်ဂျီနီယာ ဖောက်တဲ့ လမ်းက 
ဖြောင့် ဖြူးပေမယ့်  
ဘဝရဲ့ လမ်းတွေကတော့  
မဖြောင့် ဖြူး ပါဘူး.... 

ဒါကြောင့် .. 
မင်း တစ်ယောက် စတေးသင့် တဲ့  အရာတွေကို 
စတေးပြီး မေ့ သင့် တဲ့ အရာတွေကို 
မေ့ ထားလိုက်ပါ.... 
အဲဒါမှ မင်းဘဝ ရည်မှန်းချက် 
ပန်းတိုင် ရောက်မှာပေါ့ .............. 
                                                        ဆန္ဒမွန်ဖြင့်  
                                                                                 မဟာမင်း (ရေနံမြေ )

မျှော်လင့် ချက်နှင့် အတွေး ဟို.........................အဝေး.....

မိုးလင်းကနေ မိုးချုပ်

တစ်နေကုန်အောင် တကုတ်ကုတ်လုပ်

နဖူးကချွေး ခြေမထိကျ...

ငွေတွေစုဆောင်း ကျောင်းတွေထားဖို့ 

ကြိုးစားနေတဲ့  သားတို့ မေမေ..

ပညာတတ်ကြီး ငါ့ သားကြီးဟု

အချိန်ရှိတိုင်း အားရပါးရ

ပြောနေရင်းပဲ ပီတိဖြစ်နေ မွေးမေမေ...

သား ပညာတတ် အလုပ်မရှိ

မိရိုးဖလာ တောင်သူလုပ်ကာ

တစ်ဖြန်ပြုစု မိနှင့် ဖ ကို

တောင်ယာလယ်လုပ် စီပွါးမဖြစ်

ထိုတို့ တွေးကာ ရေမြေရပ်ခြား

ထွက်ခါသွား၍ စီးပွါးရယ်ရှာ

ကံခေလေတော့ အလုပ်မကောင်း

တစ်လုပ်ပြောင်း၍ လုပ်မိခါမှ

အို ဘဝဟု အမည်ရကာ

ကျီးလန့် စာစား နေ့ ညမနား

လုပ်မိတာမှ အဆင်ပြေယုံ...

ဒီလိုနဲ့ ပဲ လတွေနှစ်တွေ

အလီလီပြောင်း ငါ၏ ဘဝ

သုညကနေ မတက်လေတော့ 

တွေးရင်းနဲ့ ကွယ်

ငါ အားမရ ငါ့ ဘဝကို....
                                                     ဆန္ဒမွန်ဖြင့် 
                                                                         မဟာမင်း(ရေနံမြေ)