လောကကြီးကို စပြီးမိတ်ဆက်လိုက်တာက
ငိုခြင်းက ပေါ့ ....
လောကဓံရဲ့ ကြမ်းတမ်းမှုတွေ
ရင်ဆိုင်....
ဘဝကပေးတဲ့  သင်ခန်းစာတွေကို
သင်ယူပြီး....
ခုဆို မင်းအရွယ်ရောက်ပြီ...
ဟိုး.....အဝေးကို ပျံသန်းဖို့ 
မင်းမှာ အင်အားတွေ ရှိနေပြီ....
ပျံသန်းရင်း အတောင်မကျိုးဖို့ 
ငါ ဆုတောင်း ပေးပါတယ်.....
မာယာများတဲ့  လူ့ လောကကြီးမှာ
အညာမိရင်တော့ 
မင်း ဘဝ ရည်မှန်းချက် ပျက်ပြီး
သောကတွေနဲ့  ခံစားနေရမှာတော့ 
သေချာပါတယ်.....
မင်းက ပန်းကလေးတစ်ပွင့် 
ဖြစ်နေရင်လည်း...
ဖြူစင်တဲ့  စံပယ်ပန်းကလေးတော့ 
မဖြစ်ပါစေနဲ့ နော်.....
ရဲရင့် ပြီး ဆူးတွေရှိတဲ့ 
နှင်းဆီပန်းတစ်ပွင့် 
ဖြစ်လိုက်ပါ...........
အင်ဂျီနီယာ ဖောက်တဲ့ လမ်းက
ဖြောင့် ဖြူးပေမယ့် 
ဘဝရဲ့  လမ်းတွေကတော့ 
မဖြောင့် ဖြူး ပါဘူး....
ဒါကြောင့် ..
မင်း တစ်ယောက် စတေးသင့် တဲ့  အရာတွေကို
စတေးပြီး မေ့ သင့် တဲ့ အရာတွေကို
မေ့ ထားလိုက်ပါ....
အဲဒါမှ မင်းဘဝ ရည်မှန်းချက်
ပန်းတိုင် ရောက်မှာပေါ့ ..............
ဆန္ဒမွန်ဖြင့် 
မဟာမင်း (ရေနံမြေ )
No comments:
Post a Comment