နေအဝင် မိုးအချုပ်
အလင်းရောင်တွေ ကွယ်ပျောက်လို့ 
ည ဆိုတာကိုရောက်ပြီပေါ့ .....
တောဇီးကွက်တွေ အိပ်ယာထလို့ 
ညဌက် မုဆိုးတွေ အစာရှာထွက်ကြပြီလေ....
မှောင်မိုက်တဲ့  အခန်းကျဉ်းလေးထဲဝယ်..
ဖိုက်ဝပ့် မီးသီးလေးရဲ့  အလင်းရောင်အောက်မှာ
ညတစ်ညရဲ့ အကျီးတန်မှုတွေကို
အထီးကျန်ရင်း ငါဘယ်လိုဖြတ်သန်းရမလည်း...
ဒီလို ညတွေကို ငါအံတုကာ
ဘောပင်ထုတ်ပြီး ကဗျာလေးတွေရေးမိတယ်
ညက အကျီးတန်ပေမယ် ငါ့ ကဗျာလေးတွေကတော့ ...
ကာရံညီကာ ဝန့် ကြွားတင့်တယ်နေတယ်...
ငါ့ အတွက်တော့ ဘောပင်တစ်ချောင်းနဲ့ 
စာအုပ်တစ်အုပ်က အကောင်းဆုံး အဖော်မွန်ပေါ့ ....
ဆန္ဒမွန်ဖြင့် 
မဟာမင်း(ရေနံမြေ )
No comments:
Post a Comment