ဝေလီဝေလင်း အာရုဏ်ဦးကွယ်
ရွာဦးကျောင်းမှ အုံးမောင်းခေါက်သံ
သာယာပျော်ဖွယ်ကြားရလေတော့ 
ရွာကလေးဝယ် အသက်ဝင်ကာ လှူပ်ရှားလို့ ရယ်
လုပ်ငန်းဝင်ဖို့ ပြင်ဆင်နေတဲ့ တောင်သူကြီးလဲ
နွားနှစ်ကောင်ကိုလှည်းမှာတတ်ကာ
ယာတောတို့ သွားပါတော့ တယ်...
ဆွမ်းချက်နေတဲ့  တောင်သူမကြီးရယ်
အဘွားအိုရဲ့  အမျှဝေသံတွေက
သာယာလှတဲ့ နံနက်ခင်းလေးကို
ပို၍ ကျက်သရေ ရှိစေပါတယ်...
လင်းကြက်တို့  တွန်သံတွေကလဲ
နံနက်ခင်းလေးကို အသက်ဝင်စေပါတယ်
လွမ်းမိတယ်ရွာကလေးရယ်.........
အခွင့် အခါပေးရင်ဖြစ်
အပြီးရယ်ပြန်လာချင်ပါသည်....
ခံစားချက်ကို ရေသားထားသော စာသားများဖြစ်ပါသည်.....
မဟာမင်း ( ရေနံမြေ )
No comments:
Post a Comment