Sunday 9 October 2011

လွမ်းရပေါ့  နွေဦးဆည်းဆာ ညနေအခါ

ညနေဆည်းဆာ နေဝင်ချိန်မှာ 

ငါ့ ငှါနီ ငါလွမ်းမိတယ်...... 

ဒါပေမယ့်  ဘယ်ဆီကို မျှော်မှန်း 

ဘယ်လမ်းကို ငါလွမ်းရမှန်းမသိတယ် 

သြော်............... 

 ခုချိန်ဆို တောပန်းလေးတွေ ဝေဆာလို့  

တောလမ်းလေးမှာ သူတစ်ယောက် 

မျှော်နေလောက်ပေါ့ ...... 

နွေဦးကာလ တပေါင်း အခါမို့  

သရဖီပွင့် တွေ လန်းဆန်းစွာ ပွင့် နေပေမယ့်  

မရွှင်ပြတဲ့  သူ့ ရင်ခွင်ကို မလန်းဆန်း နိုင်ပါဘူး 

အလွမ်းတွေကို ပိုစေအောင်  

သစ်ရွက်တွေကြွေကြနေတဲ့  

လက်ပံပင်ထက်က ဥသြငှက်ကလေး ကလည်း 

ဥသြ....ဥသြ..... အဖော်ကွဲလို့ တွန်ကြူးနေတယ် 

 ချစ်သူနှစ်ယောက်ဆုံနေကြ 

ရွာဘေးကစမ်းချောင်းလေးကလည်း 

ရေတွေခမ်းလို့ မ အေးချမ်းနိုင်တော့ ဘူးပေါ့ ... 

သြော်..............လွမ်းရပြီပေါ့  ဆည်းဆာရယ်............................ 
                                                                                                မင်းကဗျာ ရွှေရိပ်တင်  (ရေနံမြေ )

No comments:

Post a Comment