Monday 31 October 2011

စမ်းရေတသွင်သွင်စီးနေတဲ့ ရွာကလေးနဲ့  အိမ်အိုကလေးက မွေးမေမေ

             အဝေးတနေရာကနေ လက်ဆယ်ဖြာထိပ်မှာမိုးလို့  သား ရှီခိုးလိုက်ပါတယ် မေမေ...... 
အချိန်တွေကြာ အနေဝေးနေလို့  သား စိမ်းနေတယ်လို့ မေမေ ထင်နေတယ်နော်..အခြေအနေမတူညီတဲ့  တိုင်းတစ်ပါးကိုရောက်နေပေမယ့် ....သား စိတ်တွေကတော့  မေမေ မွေးထုတ်လိုက်တဲ့  စိတ်ဓါတ်နဲ့  မေမေရဲ့  အယူဆတွေ ခံယူချက်တွေကိုပေါင်းစပ်ပြီး စီးဆင်းလည်ပတ်နေတဲ့ သား ရဲ့ သွေးတွေက သက်သေပါ မေမေ...အကြောင်းအရာလေး တစ်ခုကြောင့်  မေမေ သား ကိုမယုံကြည်တော့ ဘူးနော်...အဝေးမှာနေပြီး ဘဝတွေ ချွေးတွေကို ပေးဆပ်ပြီး သား အလုပ် လုပ်နေတာတွေက မေမေ အတွက်တွေပါ...တစ်ရက်ကုန်ဖို့  အတွက် သား ဘယ်လို အခက်ခဲတွေကို ကျော်ဖြတ်နေရတယ်ဆိုတာ မေမေ သိခဲ့ မယ်ဆိုရင် သား အပေါ်အမြင်တွေ ပြောင်းလဲ သွားမယ်လို့  သား မျှော်လင့် မိပါတယ်....တကယ်တော့  သား ဘဝကညောင်သီးစားပြီး လေးသံကိုနားထောင်နေရတဲ့ ငှက်တစ်ကောင်နဲ့  ဘာမှမကွါပါဘူး....ဘဝကို မမေ့ တတ်သလို မေမေ နဲ့  ရွာကလေးကိုလဲ အမြဲ ရင်ထဲမှာရှိနေပါတယ်...အဝေးရောက်နေတဲ့  သား တစ်ယောက်..... 
                                                                                                          မဟာမင်း   (ရေနံမြေ )

No comments:

Post a Comment