ပေါ်လာမည့် အရေး မျှော်ကာတွေးရင်း
ရင်လေးမိပါ့  ငါတို့ နိုင်ငံ
ကူညီရိုင်းပင်း ညီရင်းကို ပမာ
မရှိလေသမျှ ရွှေနိုင်ငံလည်း
မွဲပြာကျတဲ့  နိုင်ငံလိုပဲ
ဖြစ်နေမှာတော့  မြင်ယောင်မိတယ်.....
ကျေးလက်နေသူ တောင်သူတွေများ
ပင်ပန်းလေသမျှ လောက်ဌ မှုပင် မရှိလေတော့ 
သားငယ် သမီးငယ် ပညာသင်ရေး
မလွယ်သေးတော့  ရရာအလုပ်
ထွက်ခါလုပ်ခိုင်း...........
မိသားစု ဝမ်းရေး ဝိုင်းဝန်းကူညီ
ပညာဟူတည် မတတ်လေတော့ 
ပင်ပန်းကြီးစွာ လုပ်ကိုင်နေရ
ငါတို့  ကျေးလက် ဘဝ...
အသိမြင်ရယ် မကျယ်ပြန့် တော့ 
ဒီလိုနဲ့ ပဲ တောင်ယာထဲတွင်
ဘဝကို စတေး နေရလေတော့ 
ငါတို့  ဘဝ ရင်နာမိတယ်...
ဆန္ဒမွန်ဖြင့်
မဟာမင်း (ရေနံမြေ )
ကျနော်ရဲ့  ယခုအချိန်ထိ တွေ့ ကြုံဖြတ်သန်ခဲ့ရသော ခံစားချက် အပိုင်းအစများနှင့် အခြားသော သတင်းကဏ္ဍ ကဗျာ ဝတ္တု ရသ စာပေ များကို ကျနော်၏သူငယ်ချင်းများအား ပြန်လည် မျှဝေ တင်ပြလိုက်ပါသည်.... ဆန္ဒမွန်ဖြင့်.... မဟာမင်း ( ရေနံမြေ )
Showing posts with label ရင်တွင်းဖြစ်. Show all posts
Showing posts with label ရင်တွင်းဖြစ်. Show all posts
Thursday, 8 December 2011
Monday, 24 October 2011
ရင်ထဲ့ က မျှော်လင့် ချက်
ဝေးနေပေမယ့်  ပြန်ဆုံချင်တယ် ကွါ
ငါ့ ရဲ့  ရင်ခွင်ကို မင်းပြန်လည် ခိုလုံမယ်ဆိုရင်
ဝမ်းသာစွာနဲ့  ကြိုဆိုနေမှာပါ
အတိတ်က အကြောင်းတွေကို မေ့ ပြစ်ပြီးပေါ့ ........
ဆုံမှတ်ဆိုတာ ရှိခဲ့ မယ်ဆိုရင်
အချိန်ကလတွေ တစ်ပတ်ပြည့် သွားရင်တော့ 
အဲဒီ ဆုံမှတ်မှာ ပြန်ဆုံကောင်းပါရဲ့ 
အဲဒါကြောင့် ဒို့ နှစ်ယောက် ဘယ်လောက်ဝေးဝေး
တစ်ချိန်ချိန်မှာ ပြန်ဆုံမှာပါ..........
ဒါပေမယ့်ကွါ
အချိန်ဆိုတာ ကောင်းသောတရားသူကြီးပေါ့ 
ဒို့ နှစ်ယောက်ဘဝကို ဘယ်လိုဆုံးဖြတ်ပေးမလဲ ...............
အချစ်ဆိုတဲ့ စကားလေးတွေက
လူနှစ်ယောက်ရဲ့  ဘဝကို ပေါင်းစပ်ဖို့ ဆိုရင်
မင်းကို ချစ်ခဲ့ တာက အဲဒါကို ရည်ညွှန်းခဲ့ တာပါ......
ရင်ဖွင့် ချက်ဖြစ်ပါသည်..
မဟာမင်း (ရေနံမြေ )
ငါ့ ရဲ့  ရင်ခွင်ကို မင်းပြန်လည် ခိုလုံမယ်ဆိုရင်
ဝမ်းသာစွာနဲ့  ကြိုဆိုနေမှာပါ
အတိတ်က အကြောင်းတွေကို မေ့ ပြစ်ပြီးပေါ့ ........
ဆုံမှတ်ဆိုတာ ရှိခဲ့ မယ်ဆိုရင်
အချိန်ကလတွေ တစ်ပတ်ပြည့် သွားရင်တော့ 
အဲဒီ ဆုံမှတ်မှာ ပြန်ဆုံကောင်းပါရဲ့ 
အဲဒါကြောင့် ဒို့ နှစ်ယောက် ဘယ်လောက်ဝေးဝေး
တစ်ချိန်ချိန်မှာ ပြန်ဆုံမှာပါ..........
ဒါပေမယ့်ကွါ
အချိန်ဆိုတာ ကောင်းသောတရားသူကြီးပေါ့ 
ဒို့ နှစ်ယောက်ဘဝကို ဘယ်လိုဆုံးဖြတ်ပေးမလဲ ...............
အချစ်ဆိုတဲ့ စကားလေးတွေက
လူနှစ်ယောက်ရဲ့  ဘဝကို ပေါင်းစပ်ဖို့ ဆိုရင်
မင်းကို ချစ်ခဲ့ တာက အဲဒါကို ရည်ညွှန်းခဲ့ တာပါ......
ရင်ဖွင့် ချက်ဖြစ်ပါသည်..
မဟာမင်း (ရေနံမြေ )
Monday, 17 October 2011
ချစ်သူ
ရင်ခုန်စွာ ချစ်ခဲ့ မိပေမယ့် .....
ရင်နာစွာပဲ ခွဲခွါခဲ့ ရတယ်နော်...
ချစ်သူတွေ ဆိုပေမယ့် ..........
သူစိမ်းတွေလို နေ နေရတယ်နော်
အကြင်နာတွေပေးချင်ပေမယ့် ....
ရင်နာစွာပဲ ဝေးနေရတယ်နော်....
နှစ်ယောက်အတူ နေချင်ပေမယ့် .....
တစ်ယောက်တစ်နယ်စီ ဝေးနေရပြန်တယ်.....
နေချင်တာ မင်းအနားမှာ......
နေ နေရတာက မင်းနဲ့ အဝေးမှာနော်.....
ဝေးနေရတဲ့  အချိန်တွေက ငါ့ အတွက်တော့ ............
စိတ်ကူးရင် အတွေးတစ်ပုဒ်
မဟာမင်း (ရေနံမြေ )
ရင်နာစွာပဲ ခွဲခွါခဲ့ ရတယ်နော်...
ချစ်သူတွေ ဆိုပေမယ့် ..........
သူစိမ်းတွေလို နေ နေရတယ်နော်
အကြင်နာတွေပေးချင်ပေမယ့် ....
ရင်နာစွာပဲ ဝေးနေရတယ်နော်....
နှစ်ယောက်အတူ နေချင်ပေမယ့် .....
တစ်ယောက်တစ်နယ်စီ ဝေးနေရပြန်တယ်.....
နေချင်တာ မင်းအနားမှာ......
နေ နေရတာက မင်းနဲ့ အဝေးမှာနော်.....
ဝေးနေရတဲ့  အချိန်တွေက ငါ့ အတွက်တော့ ............
စိတ်ကူးရင် အတွေးတစ်ပုဒ်
မဟာမင်း (ရေနံမြေ )
Monday, 10 October 2011
နောင်တရဲ့  စိတ်
ဘယ်ကိုမှန်းမသိ လွမ်းမိတဲ့ 
ငါ့ စိတ်တွေ တွေးကြည့် တော့ 
မရေရာတဲ့ ငါဘဝ
အချစ်ရယ်လို့ မှ
ခင်တွယ်စရာမရှိ
ပြေးဖို့ ကွယ်မြေမရှိ
တွေးရင်းကွယ် ငိုချင်လာမိတယ်..
ထ..လို့ သာအော်လိုက်ချင်တယ်..
လာမိတာနောင်တရမိတယ်....
မဟာမင်း (ရေနံမြေ)
ငါ့ စိတ်တွေ တွေးကြည့် တော့ 
မရေရာတဲ့ ငါဘဝ
အချစ်ရယ်လို့ မှ
ခင်တွယ်စရာမရှိ
ပြေးဖို့ ကွယ်မြေမရှိ
တွေးရင်းကွယ် ငိုချင်လာမိတယ်..
ထ..လို့ သာအော်လိုက်ချင်တယ်..
လာမိတာနောင်တရမိတယ်....
မဟာမင်း (ရေနံမြေ)
Sunday, 9 October 2011
လွမ်းရပေါ့  နွေဦးဆည်းဆာ ညနေအခါ
ညနေဆည်းဆာ နေဝင်ချိန်မှာ
ငါ့ ငှါနီ ငါလွမ်းမိတယ်......
ဒါပေမယ့်  ဘယ်ဆီကို မျှော်မှန်း
ဘယ်လမ်းကို ငါလွမ်းရမှန်းမသိတယ်
သြော်...............
ခုချိန်ဆို တောပန်းလေးတွေ ဝေဆာလို့ 
တောလမ်းလေးမှာ သူတစ်ယောက်
မျှော်နေလောက်ပေါ့ ......
နွေဦးကာလ တပေါင်း အခါမို့ 
သရဖီပွင့် တွေ လန်းဆန်းစွာ ပွင့် နေပေမယ့် 
မရွှင်ပြတဲ့  သူ့ ရင်ခွင်ကို မလန်းဆန်း နိုင်ပါဘူး
အလွမ်းတွေကို ပိုစေအောင်
သစ်ရွက်တွေကြွေကြနေတဲ့ 
လက်ပံပင်ထက်က ဥသြငှက်ကလေး ကလည်း
ဥသြ....ဥသြ..... အဖော်ကွဲလို့ တွန်ကြူးနေတယ်
ချစ်သူနှစ်ယောက်ဆုံနေကြ
ရွာဘေးကစမ်းချောင်းလေးကလည်း
ရေတွေခမ်းလို့ မ အေးချမ်းနိုင်တော့ ဘူးပေါ့ ...
သြော်..............လွမ်းရပြီပေါ့  ဆည်းဆာရယ်............................
မင်းကဗျာ ရွှေရိပ်တင် (ရေနံမြေ )
ငါ့ ငှါနီ ငါလွမ်းမိတယ်......
ဒါပေမယ့်  ဘယ်ဆီကို မျှော်မှန်း
ဘယ်လမ်းကို ငါလွမ်းရမှန်းမသိတယ်
သြော်...............
ခုချိန်ဆို တောပန်းလေးတွေ ဝေဆာလို့ 
တောလမ်းလေးမှာ သူတစ်ယောက်
မျှော်နေလောက်ပေါ့ ......
နွေဦးကာလ တပေါင်း အခါမို့ 
သရဖီပွင့် တွေ လန်းဆန်းစွာ ပွင့် နေပေမယ့် 
မရွှင်ပြတဲ့  သူ့ ရင်ခွင်ကို မလန်းဆန်း နိုင်ပါဘူး
အလွမ်းတွေကို ပိုစေအောင်
သစ်ရွက်တွေကြွေကြနေတဲ့ 
လက်ပံပင်ထက်က ဥသြငှက်ကလေး ကလည်း
ဥသြ....ဥသြ..... အဖော်ကွဲလို့ တွန်ကြူးနေတယ်
ချစ်သူနှစ်ယောက်ဆုံနေကြ
ရွာဘေးကစမ်းချောင်းလေးကလည်း
ရေတွေခမ်းလို့ မ အေးချမ်းနိုင်တော့ ဘူးပေါ့ ...
သြော်..............လွမ်းရပြီပေါ့  ဆည်းဆာရယ်............................
မင်းကဗျာ ရွှေရိပ်တင် (ရေနံမြေ )
သတိရမိတဲ့  ရွာကလေးရဲ့  ဝေလီဝေလင်း
ဝေလီဝေလင်း အာရုဏ်ဦးကွယ်
ရွာဦးကျောင်းမှ အုံးမောင်းခေါက်သံ
သာယာပျော်ဖွယ်ကြားရလေတော့ 
ရွာကလေးဝယ် အသက်ဝင်ကာ လှူပ်ရှားလို့ ရယ်
လုပ်ငန်းဝင်ဖို့ ပြင်ဆင်နေတဲ့ တောင်သူကြီးလဲ
နွားနှစ်ကောင်ကိုလှည်းမှာတတ်ကာ
ယာတောတို့ သွားပါတော့ တယ်...
ဆွမ်းချက်နေတဲ့  တောင်သူမကြီးရယ်
အဘွားအိုရဲ့  အမျှဝေသံတွေက
သာယာလှတဲ့ နံနက်ခင်းလေးကို
ပို၍ ကျက်သရေ ရှိစေပါတယ်...
လင်းကြက်တို့  တွန်သံတွေကလဲ
နံနက်ခင်းလေးကို အသက်ဝင်စေပါတယ်
လွမ်းမိတယ်ရွာကလေးရယ်.........
အခွင့် အခါပေးရင်ဖြစ်
အပြီးရယ်ပြန်လာချင်ပါသည်....
ခံစားချက်ကို ရေသားထားသော စာသားများဖြစ်ပါသည်.....
မဟာမင်း ( ရေနံမြေ )
ရွာဦးကျောင်းမှ အုံးမောင်းခေါက်သံ
သာယာပျော်ဖွယ်ကြားရလေတော့ 
ရွာကလေးဝယ် အသက်ဝင်ကာ လှူပ်ရှားလို့ ရယ်
လုပ်ငန်းဝင်ဖို့ ပြင်ဆင်နေတဲ့ တောင်သူကြီးလဲ
နွားနှစ်ကောင်ကိုလှည်းမှာတတ်ကာ
ယာတောတို့ သွားပါတော့ တယ်...
ဆွမ်းချက်နေတဲ့  တောင်သူမကြီးရယ်
အဘွားအိုရဲ့  အမျှဝေသံတွေက
သာယာလှတဲ့ နံနက်ခင်းလေးကို
ပို၍ ကျက်သရေ ရှိစေပါတယ်...
လင်းကြက်တို့  တွန်သံတွေကလဲ
နံနက်ခင်းလေးကို အသက်ဝင်စေပါတယ်
လွမ်းမိတယ်ရွာကလေးရယ်.........
အခွင့် အခါပေးရင်ဖြစ်
အပြီးရယ်ပြန်လာချင်ပါသည်....
ခံစားချက်ကို ရေသားထားသော စာသားများဖြစ်ပါသည်.....
မဟာမင်း ( ရေနံမြေ )
Subscribe to:
Posts (Atom)