လောကကြီးကို စပြီးမိတ်ဆက်လိုက်တာက
ငိုခြင်းက ပေါ့ ....
လောကဓံရဲ့ ကြမ်းတမ်းမှုတွေ
ရင်ဆိုင်....
ဘဝကပေးတဲ့  သင်ခန်းစာတွေကို
သင်ယူပြီး....
ခုဆို မင်းအရွယ်ရောက်ပြီ...
ဟိုး.....အဝေးကို ပျံသန်းဖို့ 
မင်းမှာ အင်အားတွေ ရှိနေပြီ....
ပျံသန်းရင်း အတောင်မကျိုးဖို့ 
ငါ ဆုတောင်း ပေးပါတယ်.....
မာယာများတဲ့  လူ့ လောကကြီးမှာ
အညာမိရင်တော့ 
မင်း ဘဝ ရည်မှန်းချက် ပျက်ပြီး
သောကတွေနဲ့  ခံစားနေရမှာတော့ 
သေချာပါတယ်.....
မင်းက ပန်းကလေးတစ်ပွင့် 
ဖြစ်နေရင်လည်း...
ဖြူစင်တဲ့  စံပယ်ပန်းကလေးတော့ 
မဖြစ်ပါစေနဲ့ နော်.....
ရဲရင့် ပြီး ဆူးတွေရှိတဲ့ 
နှင်းဆီပန်းတစ်ပွင့် 
ဖြစ်လိုက်ပါ...........
အင်ဂျီနီယာ ဖောက်တဲ့ လမ်းက
ဖြောင့် ဖြူးပေမယ့် 
ဘဝရဲ့  လမ်းတွေကတော့ 
မဖြောင့် ဖြူး ပါဘူး....
ဒါကြောင့် ..
မင်း တစ်ယောက် စတေးသင့် တဲ့  အရာတွေကို
စတေးပြီး မေ့ သင့် တဲ့ အရာတွေကို
မေ့ ထားလိုက်ပါ....
အဲဒါမှ မင်းဘဝ ရည်မှန်းချက်
ပန်းတိုင် ရောက်မှာပေါ့ ..............
ဆန္ဒမွန်ဖြင့် 
မဟာမင်း (ရေနံမြေ )
ကျနော်ရဲ့  ယခုအချိန်ထိ တွေ့ ကြုံဖြတ်သန်ခဲ့ရသော ခံစားချက် အပိုင်းအစများနှင့် အခြားသော သတင်းကဏ္ဍ ကဗျာ ဝတ္တု ရသ စာပေ များကို ကျနော်၏သူငယ်ချင်းများအား ပြန်လည် မျှဝေ တင်ပြလိုက်ပါသည်.... ဆန္ဒမွန်ဖြင့်.... မဟာမင်း ( ရေနံမြေ )
Thursday 8 December 2011
ကျေးလက် ဘဝ
ပေါ်လာမည့် အရေး မျှော်ကာတွေးရင်း
ရင်လေးမိပါ့  ငါတို့ နိုင်ငံ
ကူညီရိုင်းပင်း ညီရင်းကို ပမာ
မရှိလေသမျှ ရွှေနိုင်ငံလည်း
မွဲပြာကျတဲ့  နိုင်ငံလိုပဲ
ဖြစ်နေမှာတော့  မြင်ယောင်မိတယ်.....
ကျေးလက်နေသူ တောင်သူတွေများ
ပင်ပန်းလေသမျှ လောက်ဌ မှုပင် မရှိလေတော့ 
သားငယ် သမီးငယ် ပညာသင်ရေး
မလွယ်သေးတော့  ရရာအလုပ်
ထွက်ခါလုပ်ခိုင်း...........
မိသားစု ဝမ်းရေး ဝိုင်းဝန်းကူညီ
ပညာဟူတည် မတတ်လေတော့ 
ပင်ပန်းကြီးစွာ လုပ်ကိုင်နေရ
ငါတို့  ကျေးလက် ဘဝ...
အသိမြင်ရယ် မကျယ်ပြန့် တော့ 
ဒီလိုနဲ့ ပဲ တောင်ယာထဲတွင်
ဘဝကို စတေး နေရလေတော့ 
ငါတို့  ဘဝ ရင်နာမိတယ်...
ဆန္ဒမွန်ဖြင့်
မဟာမင်း (ရေနံမြေ )
ရင်လေးမိပါ့  ငါတို့ နိုင်ငံ
ကူညီရိုင်းပင်း ညီရင်းကို ပမာ
မရှိလေသမျှ ရွှေနိုင်ငံလည်း
မွဲပြာကျတဲ့  နိုင်ငံလိုပဲ
ဖြစ်နေမှာတော့  မြင်ယောင်မိတယ်.....
ကျေးလက်နေသူ တောင်သူတွေများ
ပင်ပန်းလေသမျှ လောက်ဌ မှုပင် မရှိလေတော့ 
သားငယ် သမီးငယ် ပညာသင်ရေး
မလွယ်သေးတော့  ရရာအလုပ်
ထွက်ခါလုပ်ခိုင်း...........
မိသားစု ဝမ်းရေး ဝိုင်းဝန်းကူညီ
ပညာဟူတည် မတတ်လေတော့ 
ပင်ပန်းကြီးစွာ လုပ်ကိုင်နေရ
ငါတို့  ကျေးလက် ဘဝ...
အသိမြင်ရယ် မကျယ်ပြန့် တော့ 
ဒီလိုနဲ့ ပဲ တောင်ယာထဲတွင်
ဘဝကို စတေး နေရလေတော့ 
ငါတို့  ဘဝ ရင်နာမိတယ်...
ဆန္ဒမွန်ဖြင့်
မဟာမင်း (ရေနံမြေ )
မျှော်လင့် ချက်နှင့် အတွေး ဟို.........................အဝေး.....
မိုးလင်းကနေ မိုးချုပ်
တစ်နေကုန်အောင် တကုတ်ကုတ်လုပ်
နဖူးကချွေး ခြေမထိကျ...
ငွေတွေစုဆောင်း ကျောင်းတွေထားဖို့ 
ကြိုးစားနေတဲ့  သားတို့ မေမေ..
ပညာတတ်ကြီး ငါ့ သားကြီးဟု
အချိန်ရှိတိုင်း အားရပါးရ
ပြောနေရင်းပဲ ပီတိဖြစ်နေ မွေးမေမေ...
သား ပညာတတ် အလုပ်မရှိ
မိရိုးဖလာ တောင်သူလုပ်ကာ
တစ်ဖြန်ပြုစု မိနှင့် ဖ ကို
တောင်ယာလယ်လုပ် စီပွါးမဖြစ်
ထိုတို့ တွေးကာ ရေမြေရပ်ခြား
ထွက်ခါသွား၍ စီးပွါးရယ်ရှာ
ကံခေလေတော့ အလုပ်မကောင်း
တစ်လုပ်ပြောင်း၍ လုပ်မိခါမှ
အို ဘဝဟု အမည်ရကာ
ကျီးလန့် စာစား နေ့ ညမနား
လုပ်မိတာမှ အဆင်ပြေယုံ...
ဒီလိုနဲ့ ပဲ လတွေနှစ်တွေ
အလီလီပြောင်း ငါ၏ ဘဝ
သုညကနေ မတက်လေတော့ 
တွေးရင်းနဲ့ ကွယ်
ငါ အားမရ ငါ့ ဘဝကို....
ဆန္ဒမွန်ဖြင့် 
မဟာမင်း(ရေနံမြေ)
တစ်နေကုန်အောင် တကုတ်ကုတ်လုပ်
နဖူးကချွေး ခြေမထိကျ...
ငွေတွေစုဆောင်း ကျောင်းတွေထားဖို့ 
ကြိုးစားနေတဲ့  သားတို့ မေမေ..
ပညာတတ်ကြီး ငါ့ သားကြီးဟု
အချိန်ရှိတိုင်း အားရပါးရ
ပြောနေရင်းပဲ ပီတိဖြစ်နေ မွေးမေမေ...
သား ပညာတတ် အလုပ်မရှိ
မိရိုးဖလာ တောင်သူလုပ်ကာ
တစ်ဖြန်ပြုစု မိနှင့် ဖ ကို
တောင်ယာလယ်လုပ် စီပွါးမဖြစ်
ထိုတို့ တွေးကာ ရေမြေရပ်ခြား
ထွက်ခါသွား၍ စီးပွါးရယ်ရှာ
ကံခေလေတော့ အလုပ်မကောင်း
တစ်လုပ်ပြောင်း၍ လုပ်မိခါမှ
အို ဘဝဟု အမည်ရကာ
ကျီးလန့် စာစား နေ့ ညမနား
လုပ်မိတာမှ အဆင်ပြေယုံ...
ဒီလိုနဲ့ ပဲ လတွေနှစ်တွေ
အလီလီပြောင်း ငါ၏ ဘဝ
သုညကနေ မတက်လေတော့ 
တွေးရင်းနဲ့ ကွယ်
ငါ အားမရ ငါ့ ဘဝကို....
ဆန္ဒမွန်ဖြင့် 
မဟာမင်း(ရေနံမြေ)
Subscribe to:
Posts (Atom)